ညှို့ဟန်ရှင်
မြူနှင်းအုံ့ဆိုင်း မြို့လုံးမှိုင်းလဲ
ရင်မှာမြူနှင်း ကင်းစင်လျက်
ပြတ်သားထင်ယောင်
သူ့ "ပုံရိပ်ယောင်"....။
ဝေးကွာကာလ လသားမျှသာ
ရှိနေလင့်ကား
ရာစုကျော်တောင်ရှိသယောင်ယောင်.......
ဆုံမည့်အရေးဝေးကွာသေးဟု
သဘောပိုက်ကာ
မာန်တင်းအားပြိုင် ယိုင်တိုင်တိုင်နဲ့
စာကြည့်ခုံပေါ်ထိုင်မိ၏။............
ထိုင်ပင်ထိုင်ငြား
နှောင့်ယှက်စိတ်ကူး တွေးမိတမ်းတ
ကြားမိသည်က
သူနဲ့ပြောသောစကားများသာ.........။
တော်ပါရပ်ပါ
မပြောလိုပါ ချစ်သည့်စိတ်က
ပွဲလှည့်သလို ဒုန်းဒိုင်းဆောင့်အော်
သြော်....ပဲမမ....ပဲမမ..........။
မြူနှင်းအုံ့ဆိုင်း မြို့လုံးမှိုင်းလဲ
ရင်မှာမြူနှင်း ကင်းစင်လျက်
ပြတ်သားထင်ယောင်
သူ့ "ပုံရိပ်ယောင်"....။
ဝေးကွာကာလ လသားမျှသာ
ရှိနေလင့်ကား
ရာစုကျော်တောင်ရှိသယောင်ယောင်.......
ဆုံမည့်အရေးဝေးကွာသေးဟု
သဘောပိုက်ကာ
မာန်တင်းအားပြိုင် ယိုင်တိုင်တိုင်နဲ့
စာကြည့်ခုံပေါ်ထိုင်မိ၏။............
ထိုင်ပင်ထိုင်ငြား
နှောင့်ယှက်စိတ်ကူး တွေးမိတမ်းတ
ကြားမိသည်က
သူနဲ့ပြောသောစကားများသာ.........။
တော်ပါရပ်ပါ
မပြောလိုပါ ချစ်သည့်စိတ်က
ပွဲလှည့်သလို ဒုန်းဒိုင်းဆောင့်အော်
သြော်....ပဲမမ....ပဲမမ..........။
No comments:
Post a Comment