လောကနီတိသည် ဘုရားဟောမဟုတ်ပါ။လူ့လောကကျင်လည်သူအပေါင်းတို့အတွက်ချမှတ်ခဲ့သော ရှေး
ပညာရှိတို့၏ အဆိုမိန့် များသာဖြစ်ပါသည်။ ပညာရှိတို့ခန့်မှန်းလျှက်ပြေးကြည့်တာထက်ပင်မှန်သည်ဟူသောအတိုင်းပင် လူ့လောကကျင့်လည်နေသူတို့အတွက်တစုံတရာသောအတိုင်းအတာထိအကျိုးသက်ရောက် ပေလိမ့်မည်။
ပျက်စီးခြင်း၏ အကြောင်း
အသန္တဿ ပိယာ ဟောန္တိ၊
သန္တေ န ကုရုတေ ပိယံ။
အသတံ ဓမ္မံ ရောစတိ၊
တံ ပရာဘ၀တော မုခံ။
တစ်စုံတစ်ယောက်သည် သူယုတ်မာတို့ကို ချစ်ခင်၏။
သူတော်ကောင်းတို့ကိုကား မချစ်ခင်ပေ။
သူတော်ကောင်း မဟုတ်သူတို့ ဟောကြားသည့် တရားကို နှစ်သက်၏။
ထိုအချက်သည်ကား ပျက်စီးခြင်း၏ အကြောင်းပေတည်း။
ဆင်းရဲခြင်း အဆင့်ဆင့်
ဒုက္ခော နိဝါသော သမ္ဗာဓေ၊
ဌာနေ အသုစိသင်္ကတေ။
တတော အရိမှိ အပ္ပိယေ၊
တတောပိ အကတညုနာ။
မစင်အပြည့်ရှိ၍ ကျဉ်းမြောင်းသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
မိမိကို မချစ်ခင်သော ရန်သူ့လက်တွင်း၌ နေရခြင်းသည် ဆင်းရဲ၏။
ပြုခဲ့ဖူးသော သူ့ကျေးဇူးကို မသိတတ်သောသူနှင့် အတူနေရခြင်းသည် ထို့ထက်ပို၍ ဆင်းရဲ၏။
မပြည့်သော ရေအိုး
အတိပိတော န ကာတဗ္ဗော၊
ခလော ကောတုဟကံ ကရော။
သိရသာ ၀ဟမာနောပိ၊
အဍ္ဎပူရော ဃဋော ယထာ။
လူယုတ်မာကို လွန်လွန်ကဲကဲ မချစ်သင့်။
သူ့ကို ခေါင်းပေါ် တင်ထားသော်ငြားလည်း ရေတစ်ဝက်သာပါသော အိုးသည
် ဘောင်ဘင်ခတ်သကဲ့သို့ ပြောချင်ရာရာ ပြောလာတတ် ပေသည်။
အနိုင်ယူရေး နည်းလမ်းလေးခု
ဥတ္တမတ္တ နိဝါတေန၊
သူရံ ဘေဒေန နိဇ္ဇယေ။
နီစံ အပ္ပကဒါနေန၊
ဝါယာမေန သမံ ဇယေ။
မိမိထက် သာလွန်သောသူကို မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် အနိုင်ယူရာ၏။
ရဲရင့်သည့် အဖွဲ့အစည်းကို သွေးခွဲပေးခြင်းဖြင့် အနိုင်ယူရာ၏။
မိမိအောက် ယုတ်နိမ့်သော သူကို အနည်းငယ် ပေးကမ်းခြင်းဖြင့် အနိုင်ယူရာ၏။
မိမိနှင့် တန်းတူနေသော သူကို သူ့ထက်သာအောင် ကြိုးစားခြင်းဖြင့် အနိုင်ယူရာ၏။
အပြင်းထန်ဆုံး အဆိပ်
န ၀ိသံ ၀ိသမိစ္စာဟု၊
ဓနံ သံဃဿ ဥစ္စတေ။
ဝိသံ ဧကံဝ ဟနတိ၊
သဗ္ဗံ သံဃဿ ဟနတိ။
ရိုးရိုးအဆိပ်ကို အဆိပ်ဟု မဆိုကြကုန်။
သံဃာ၏ ပစ္စည်းဥစ္စာကိုသာ အဆိပ်ဟု ဆိုသင့်၏။
ရိုးရိုးအဆိပ်သည် တစ်ဘ၀မျှသာ သတ်နိုင်၏။
သံဃာ၏ ပစ္စည်းဥစ္စာသည်ကား ခိုးယူသူ၊ လုယက်ဖျက်ဆီးသောသူ၏ ဘ၀အလုံးစုံကို သတ်တတ်၏။
အရည်အချင်းကို သိလိုသော်
ဇဝေန ဘဒြံ ဇာနန္တိ၊
ဗလိဗဒ္ဓဉ္စ ၀ါဟေန။
ဓုဟေန ဓေနုံ ဇာနန္တိ၊
ဘာသမာနေန ပဏ္ဍိတံ။
လျင်မြန်ခြင်းဖြင့် မြင်း၏ အရည်အချင်းကို သိနိုင်ကြ၏။
ဝန်ကို ထမ်းဆောင်သယ်ပိုးခြင်းဖြင့် နွား၏ အရည်အချင်းကို သိနိုင်ကြ၏။
နို့ထွက်ကောင်းခြင်းဖြင့် နို့စားနွားမ၏ အရည်အချင်းကို သိနိုင်ကြ၏။
ပြောဆိုသော စကားကို ထောက်ချင့်၍ ပညာရှိ၏ အရည်အချင်းကို သိနိုင်ကြ၏။
သဘောကျရင် interest လုပ်ပေးခဲ့ကြပါ။
မှတ်ချက်(၁)ခုကိုအားဆေး၁ခွက်ထက်အာနိသင်များသည်ဟုယူဆပါသည်။
No comments:
Post a Comment