"ရယ်သောသူအသက်ရှည်၏" တဲ့ရယ်မောရင်းနဲ့ဘ၀အမောများဖြေနိုင်ကြပါစေ။ဖတ်ဖူးတဲ့ဟာသအချို့ကိုစုစည်းတင်ပြလိုက်ပါတယ်။
နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "
ဒါဆို ..ငါ့လည်းကူညီ
ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာချစ်သူ စုံတွဲ တီတီတာတာ
တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲတွက်ထိုးသမျှကိုကြားရတယ်ပေါ့။
ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ
့ကောင်လေးက နဖူးလေကို ကြင်ကြင်နာနမ်းရှိုက်ပေးပြီး
ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။သက်သာသွားတယ်
မောင်မောင်ရယ်တဲ့။
ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ်ဇက်ကြောတွေတက်လာပြန်ပြီတဲ့။
ဒါနဲ့ ကောင်လေးက ကောင်မလေးရဲလည်တိုင်ကို မွေးမွေးပေးလိုက်ပြီး
သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။
ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော..မောင်ရယ်..မေ့ လက်မောင်းတွေ
တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးကဒါဆို မေရယ်
မောင် မေ့ရဲ့ လက်မောင်လေးကိုနမ်းပေးမယ်တဲ့....
ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတဲ့ အဖိုးကြီးက ကြာတော့
နားကြားပျင်းကပ်ကပ်ရှိတာနဲ့ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီ
ပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့တဲ့........
သွေးစစ်မလို့တဲ့
ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။
ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက အံ့အားသင့်စွာနဲ့....
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးး
အင်တာနက်ပေါ်က ဟာသဓါတ်ပုံများ

နှလုံးသားရေးဦးတည်ချက် ( ၄ ) ရပ်.........
နှလုံးသားရေးဦးတည်ချက် ( ၄ ) ရပ်.........
ရင်ခွင်တော်တည်ငြိမ်ရေး၊ ရင်ခုန်သံအေးချမ်းသာယာရေးနှင့် အနမ်းဥပဒေစီုးမီုးရေး။
နှစ်ဦးသားပြေလည်စည်းလုံးညီညွတ်ရေး။
ခိုင်မာသည့်အသဲပုံအကြင်နာအမြူတေသစ်ဖြစ်ပေါ်လာရေး။
ဖြစ်ပေါ်လာသည့်အသဲပုံအကြင်နာအမြူတေသစ်နှင့်အညီခေတ်မီတီုးတက်လှပသော တူနှစ်ကိုတိုင်းပြည်တခုတည်ဆောက်ရေး
................................................................................................................................................................
ချစ်သူ့သဘောထား။
.............................
အသပြာအားကိုး အန်ကယ်ဘီုးဘီုး အောက်ပီုင်းမြင် ၀ါဒီများအား ဆန့်ကျင်ကြ။
ရင်ခွင်တော်တည်ငြီမ်ရေးနှင့်အကြင်နာ တီုးတက်ရေးကိုနှောင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအားဆန့်ကျင်ကြ။
တူနှစ်ကို၏အတွင်းရေးကိုဝင်ရောက်စွတ်ဖက်သော မိဘဆွေမျီုးများအား ဆန့်ကျင်ကြ။
ဆိုင်တွင်းဆိုင်ပြင် အရက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ရှောင်ရှားကြ။
..........................................................................................................
( မှတ်ချက် )
အနုပညာကြယ်ပွင့်လေးများဆိုဒ်၏
(ပန်း )စာမျက်နှာမှ
ကိုစီုင်းညီ၏ comments
အားတဆင့်ပြန်လည်ကူး
ယူဖော်ပြပါသည်။
( စာရေးသူ )
ကြက်သားဟင်း မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
ဆေးရုံအုပ်.... “မနက်ဖြန် ကျန်းမာရေးဝန်ကြီး လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးတုန်း ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို ကြက်သားဟင်းကျွေးမယ်”
နောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီး လာရောက်စစ်ဆေးသည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး ဝန်ကြီးကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောသည်။
“ဟေ့ကောင်...မင်းဘာလို့ လက်ခုပ်မတီးတာလဲ။ ကြက်သားဟင်း မစားချင်ဘူးလားကွ..ဟေ...”
ဆေးရုံအုပ်.... “မနက်ဖြန် ကျန်းမာရေးဝန်ကြီး လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးတုန်း ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို ကြက်သားဟင်းကျွေးမယ်”
နောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီး လာရောက်စစ်ဆေးသည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး ဝန်ကြီးကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောသည်။
“ဟေ့ကောင်...မင်းဘာလို့ လက်ခုပ်မတီးတာလဲ။ ကြက်သားဟင်း မစားချင်ဘူးလားကွ..ဟေ...”


No comments:
Post a Comment