အမှန်တရားတခုလို့မြင်လို့ကူးတင်လိုက်တာဗျာ မူရင်းစာရေးသူခွင့်ပြုချက်တောင်မယူမိဘူး
================
လမ်းမှာမီးပွိုင့် ပိတ်မိနေလို့  စိတ်မတိုပါနဲ့ ဦး။ စစ်တပ်မှ
သေတာတောင် တန်းစီပြီးသေရပါတယ်။
လေးပင်တဲ့ အရာတွေမ မိတိုင်း ပင်ပန်းတယ်လို့  မထင်
ပါနဲ့ ။သေနတ်ကို လွယ်ပြီး(၂၄)နာရီတာဝန်ထမ်းဆောင်
တာ စစ်တပ်မှာပဲရှိပါတယ်..။
ကိုယ့်ကိုကိုယ်ပေးဆပ်နိုင်တယ်မထင်ပါနဲ့ ။မင်္ဂလာဒုံ စစ်
ဆေးရုံမှာ ခင်ဗျားတို့ ထက် ပေးဆပ်နိုင်တဲ့ သူတွေအများ
ကြီးပါ။
သိန်း(၁၀၀၀)ရှိလို့ လှူဒါန်း သဒ္ဒါ တရားထက်သန် လှပြီလို့ 
မတွေးလိုက်ပါနဲ့ ။ရတဲ့ လစာလေးနဲ့ လှူဒါန်းမှုတခုလစဉ်ပြု
နိင်အောင် လုပ်နေတဲ့ မြန်မာပြည်ကစစ်ဗိုလ်တွေရှိပါတယ်။
ဝန်ကြီးဌာနမှာမိုးကျရွှေကိုယ်တွေအသုံးမကျဘူး မပြောပါနဲ့ ၊
စစ်တက္ကသိုလ်တွေကပေးလိုက်တာ ခေါင်းဆောင်မှုနဲ့ စီမံခန့် ခွဲမှု
သက်သက်ပါပဲ...။
အိမ်နဲ့ ခွဲနေရလို့ ဆိုးလှပြီမထင်ပါနဲ့ ၊ခွင့်ပြန်တာတောင်(၁၀)
ရက်ပဲရတဲ့  ၀န်ဆောင်မှုမျိုးစစ်တပ်မှာပဲရှိပါတယ်။
(၁၆)စက္ကန့် ပဲဖြစ်ဖြစ် စွယ်တော် ဘုရားဖူးဖို့ စောင့် ရတာ
ဒေါသမထွက်ပါနဲ့ (၁၆)ရက်လုံးလုံး မတ်တပ်ရပ်နေတဲ့ သူ
တွေရှိပါတယ်။
မျက်စေ့ ရှေ့ မှာကိုယ့် မိဘသေ လို့  ကြေကွဲ လိုက်ရတယ်
မထင်ပါနဲ့ ၊ကိုယ့်မိဘသေလို့ ရှေ့ တန်းေ၇ာက်နေလို့  ခွင့် 
မရတဲ့  သူတွေ စစ်တပ်မှာပဲရှိတယ် ။
မိသားစု ထမင်းဝိုင်းလေးမှာ အဆင်မပြေလို့ ငြင်းခုံကြတိုင်း
ဒီမိသားစု ထမင်းဝိုင်းလေး ကို တောင်းတနေတဲ့ သူတွေက
စစ်သားတွေပဲဆိုတာ သိမှတ်ပေးပါ။
ဖိနပ်ပေါက်တိုင်းအ၇မ်းနာကျင်မပြပါနဲ့ စစ်ဖိနပ်ကို (၂၄)နာရီ
ဝတ်ထားရတဲ့ စစ်သားတွေကို စာနာပါ။
ဘလက်(ခ်)လေဘယ် သောက်တိုင်း feel သိပ် မတက်ပြပါနဲ့ 
အာမီရမ်တခွက်နဲ့ ကိုယ့်ကိုကိုယ် ဘ၀ကြီးထင်နေတဲ့  ရဲဘော်
ဘော်အများကြီးရှိတယ်တကယ်ပါ ။
အပြင်ပန်းမတွက်ပါနဲ့  ခံစားတက်တဲ့  နှလုံးသားစစ်သားမှာလဲ

လည်းရှိပါတယ်။
No comments:
Post a Comment