တကယ် မသိ၍ ပြောခြင်းလား၊ သံယောင်လိုက်ခြင်းလား မောင်သောင်းဖေ
ဧပြီလ ၂၉ ရက်နေ့အတွက် ထွက်ရှိလာသော The Voice Weekly စာစောင်မှ စာရေးသူ မောင်သောင်းေ ဖ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် ပြင်ဆင်ရေး၏ အရေးကြီး အဆင့်ဆိုသည့် ဆောင်းပါးကို ဖတ်လိုက်ရသည်။ ဆောင်း ပါး၏ ဆိုလိုရင်း အနှစ်ချုပ်ကတော့ တပ်မတော်သား ၂၅ %ကို လွှတ်တော်အတွင်းမှ ဖယ် ထုတ်ေ ရး အတွက် ရေး သားခြင်း ဖြစ်သည်။ စာရေးသူ မောင်သောင်းဖေသည် ကျွန်တော့်ထက် အသက် ကြီး ချင်ကြီး မည်။ အ တွေ့အ ကြုံ များသူ ဖြစ်ချင်ဖြစ်မည်။ သို့သော်လည်း ထိုစာရေးသူ ရေးသားသည့် အချက် များသည် စစ်ရေး အကဲ ခတ်ကျွမ်းကျင်သူဟု ဆိုသည့် ဦးအောင်ကျော်ဇောထက် မပိုဟုသာ ဆိုချင်သည်။
ဆောင်းပါး၏ ပထမအပိုဒ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်မတော် သား ကိုယ်စားလှယ်များကို ထည့် သွင်းရန် စဉ်းစားခဲ့သူကို ယခင် ဗိုလ်ချုပ်မှုးကြီး ဟု မပြောယုံတမယ် စာလုံးမည်းဖြင့် ဖော်ပြထား သည်။ အခြေခံ ဥပဒေ ရေးဆွဲစဉ်ကာလအတွင်း အုပ်ချုပ်ခဲ့သူ အကြီးအကဲဖြစ်သည့် အတွက် ၄င်း၏ ဆန္ဒ အတိုင်း ရေးဆွဲထား သည်ဟု သာမန်အားဖြင့် မောင်သောင်းဖေ ထင်သကဲ့သို့ သုံးသပ်နိုင်ပါသည်။ ထိုအ ချက် ကို ဆွေးနွေးမည်ဆို ပါက အမျိုးသားညီလာခံကြီး ကျင်းပသည်မှ စ၍ အခြေခံဥပဒေမူကြမ်း အ တည်ပြု သည် အထိ ရင်ဆိုင်ရသည့် အခက်အခဲ၊ နိုင်ငံတကာ၏ နိုင်ငံရေး ပြောင်းလဲမှု စံနမူနာများကို ယှဉ်ထိုး ရ မည်မို့ မောင်သောင်းဖေ စာဖတ်ဖို့ လေ့လာဖို့သာ လိုသည်ဟု ပြောယုံမှ တစ်ပါး အခြားမရှိ။
အခြေခံ ဥပဒေအရ ပါဝင်သည့် ၂၅% ကို ဖယ်ထုတ်ရမည့် အကြောင်းတရား(၁)တွင်တော့ မောင်သော င်းဖေ မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဟု ခေါင်းစဉ်တပ်ထားသည်။ တပ်မတော်၏ အမျိုးသားရေး တာဝန်ဟု ခံ ယူ ထား သော ဒို့တာဝန် အရေး(၃)ပါးသည် ယနေ့အချိန်တွင် ခြိမ်းခြောက်ခံနေရသော အနေအ ထား တွင် လုံးလုံးလျား လျား ရှိမနေတော့ဟု ယူဆပါသည် ဟူသော စာကြောင်းဖြင့် အကြောင်းတရား(၁)ကို ဖော်ပြထားသည်။ ထို အချက်ကို ဖြေရှင်းထား သည့် အချက်များကို ကြည့်ပါက မောင်သောင်းဖေသည် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ဆက်ဆံဖူးခြင်း မရှိသကဲ့သို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် လည်း ထိတွေ့ဖူးခြင်း မရှိကြောင်း သိသာနေသည်။ အဆိုးဆုံး ယူဆချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစုထားသည့် UNFC ၏ ဆွေးနွေးပွဲများသည် ရလာဒ်ကောင်း များ ထွက်ပေါ်နေသည် ဆိုသည့် ယူဆချက် ပင် ဖြစ်သည်။
ကချင်ပြည်နယ်တွင် KIA နှင့် ဖြစ်ပွားသော စစ်ပွဲများ ယနေ့တွင် အထိုက်အလျောက်တည်ငြိမ်ခြင်း သည် ဆွေး နွေးပွဲများ ဆိုသည့် အကြောင်းတစ်ခုတည်းကြောင့် မဟုတ်ဆိုသည်ကို မောင်သောင်းဖေ သေ ဘာပေါက် ဖို့ လို သည်။ တစ်နှစ်ခွဲကျော် ကြာသည့် စစ်ပွဲကာလအတွင်း ဆွေးနွေးပွဲများမှ စစ်ပွဲကို ရပ် ဆိုင်းစေ သည့် မည်သည့် ဆွေးနွေး အတည်ပြုချက်မှ မရရှိခဲ့ပါ။ အခြေစိုက် စခန်းများ ဆုံးရှုံးခြင်း၊ တပ် မတော်မှ စိုးမိုးကုန်းများတွင် ထိန်း ချုပ်ထားခြင်း၊ အိမ်နီးချင်း နှစ်ဖက်စလုံးအပေါ် သြဇာသက်ရောက်သည့် နိုင်ငံကြီး၏ အလိုဆန္ဒတို့အကြားတွင် မလူးသာ မလွန့်သာ ဖြစ်နေသည့် အခြေအနေကို မောင်သောင်းဖေ နား လည်မှ နားလည်ပါလေစ။
ဆွေးနွေးပွဲများ အစတွင် KIO နှင့် တိုက်ရိုက်ဆွေးနွေးသည်။ စစ်ပွဲကာလတွင် KIO သည် KIA နှင့် မဆိုင် သကဲ့ သို့ စစ်ရေးကို KIA မှ ခေါင်းဆောင်ပိုင်း ဆုံးဖြတ်သည်။ ထိုနောက်ပိုင်း ဆွေးနွေးမှုများ တွင်တော့ UNFC ပါလာ သည်။ ပြည်ပနိုင်ငံများ ပါဝင်လာသည်။ လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစုခြင်းသည် ငြိမ်း ချမ်းရေးထက် ဖယ်ဒ ရယ်ကို စုပေါင်းရယူရန် ဖြစ်သည်။ ထိုစုပေါင်းရယူ သည့် အဖွဲ့များ၏ တောင်းဆို ချက် များ သည် ပြည်ထောင်စု အစိုးရ တစ်ရပ်အနေဖြင့် လက်ခံနိုင်ဖွယ် မရှိသကဲ့သို့ တပ်မတော် အနေဖြင့် လည်း လက်ခံနိုင်ဖွယ် မရှိပေ။ ယနေ့ ပြည်နယ်များ၏ အနေအထားအရ ပြည်နယ်မြို့ကြီးများနှင့် ပြည်နယ်၏ ၉၀% နယ်မြေတွင် တပ်မ တော်၏ လုံခြုံရေးဆောင်ရွက်မှုကြောင့် မည်သည့် ပြဿနာမှ မရှိ သကဲ့ သို့ ဖြစ်နေသည်။ အကယ်၍ ဖယ်ဒရယ် စနစ်အရ ပြည်နယ်တစ်ခုတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု အုပ်စိုး လျှင် ထိုပြည်နယ်ကို အုပ်ချုပ်သည့် အစိုးရမှာ ထိုလက်နက်ကိုင် တပ်ဖွဲ့၏ သြဇာခံသာ ဖြစ်ပေမည်။ ဥပမာ၊ ကချင်ပြည်နယ်တွင် လိုင်ဇာ အနီးပတ်ဝန်း ကျင်မှ အပ တစ်ပြည်နယ်လုံးတွင် လက်ရှိ ပြည်နယ် အစိုးရ၏ သြဇာ သက်ရောက်သည်။ ဖယ်ဒရယ် စနစ်ကြောင့် KIA တပ်စခန်းများ ဖားကန့်၊ဗန်းမော်၊ မြစ်ကြီးနား အနီးထိ တိုးချဲ့လာပါက ထိုပြည်နယ်ကို စစ်အာဏာရှင် စနစ် တစ် ခု အတွင်းသို့ တွန်းပို့ခြင်းနှင့် မည်သို့ ကွာခြားလေမည်နည်း။
ကချင်ပြည်နယ် တစ်ခုတည်းတွင်မက ရှမ်းပြည်နယ်တွင်လည်း KIA စခန်းများ ရှိနေသည်။ ပြည်နယ် အ လိုက် အုပ်ချုပ် မည် ဆိုပါက KIA စခန်းများ ရှမ်းပြည်နယ်မှ ရုပ်သိမ်း မည်လား။ ဆက်လက် ထားရှိလျှင် ထိုပြည် နယ်မှ လက်ခံမည်လား ဆိုသည်က ရှိသေးသည်။ ထို့ပြင် ငြိမ်းချမ်းရေးကို ပူးပေါင်းလုပ်ဆောင်ရန် နယ်ခြားစောင့်တပ် ဖွဲ့ထားသည့် တိုင်းရင်း သား လက်နက်ကိုင်များ ရှိသေးသည်။ ပြည်သူ့စစ်အဖွဲ့များ ရှိေ သး သည်။ ထိုအခြေအနေ သည် ဒို့တာဝန် အရေး(၃)ပါး ထိခိုက်နိုင်သည့် အခြေအနေ မဟုတ်တော့ဟု မောင်ေ သာင်းဖေ မည်သည့် ဦးနှောက်ဖြင့် သုံးသပ်သလဲ ဟုသာ မေးလိုက်ချင်တော့သည်။
ဝ တပ်ဖွဲ့ အခြေစိုက်ရာ နေရာကို ၀တပ်ဖွဲ့ စိတ်တိုင်းကျ စီမံ၊ ရှမ်းလက်နက်ကိုင်(၃)ဖွဲ့ အခြေစိုက်သည့် နေ ရာ အသီးသီးကို ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ အသီးသီးက စီမံဟု ဆိုလျှင် ထိုဒေသများအတွက် တရားဥပဒေ စိုး မိုးရေးသည် သေနတ်ပြောင်းအောက်က တရား ဥပဒေသာ ဖြစ်နေပေလိမ့်မည်။ ထိုသို့သော ကွဲလွဲချက် များ စွာ ရှိနေသည့် အခြေအနေ အား အလွယ်တကူ လျစ်လျူ ရှုမည်ဆိုပါက ဒို့တာဝန် အရေး(၃)ပါး ဆို သည့် စကား လုံး သုံးဖို့ လိုကို မလိုအပ်တော့ပါ။
အကြောင်းအရာ(၂) တွင်တော့ နိုင်ငံရေး ဂုဏ်သိက္ခာဟု ခေါင်းစဉ်တပ်ကာ မည်သည့်နေ့တွင် ဆန္ဒပြချင် သည့် ပြည်သူ အများက ၂၅ % အား ဖယ်ထုတ်ပေးရေး ပြုလုပ်မည် မသိ ဆိုသည့် ခြိမ်းခြောက်သကဲ့သို့ စာ သားဖြင့် နိုင်ငံရေး သိက္ခာကို ဖော်ပြထားသည်။ ယနေ့ ဆန္ဒပြနေသည့် သူများကို မည်သူများက ဦးေ ဆာင်ပြီး မည်သို့ စီမံ နေသလဲ ဆိုသည်ကို မောင်သောင်းဖေ လုံးဝမသိ။ တရုတ်နှင့် ဆက်စပ်သော စီမံ ကိန်း များတွင် စီးပွားရေး အကျိုးအမြတ်အရ နောက်ကွယ်မှ မြှောက်ပင့်ပေးသည့် အဖွဲ့များ ရှိနေသည်။ အဓိ က ရုဏ်း များ ဖြစ်စေရန် ဖန် တီးသူများ ရှိနေသည်။ အားလုံးသော ခေါင်းစဉ် အများစုမှာ လူထုအကြိုက်ကို လိုက် ၍ အခွင့်အရေးဖြင့် မြူဆွယ်သော ဆန္ဒပြပွဲများသာ ဖြစ်သည်ကို မောင်သောင်းဖေ လေ့လာပါဟုသာ ဆို ချင်သည်။
အကြောင်းအရာ(၃)တွင်တော့ တပ်မတော်သား ၂၅ % ပါနေသည့်အတွက် လွှတ်တော်၏ အလုပ်လုပ်နှုန်း နှောင့်နှေး သည်ဟု ဆိုထားပြန်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၊ ကြားဖြတ် ရွေးကောက် ပွဲများမှ ပြည်သူလူထု ရွေး ချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် လွှတ်တော်လုပ်ငန်းစဉ်တွင် အပြည့်အ၀ ပါဝင် သည်ဟု မောင်သောင်းဖေ ယူဆနေပုံရသည်။ ပြည်နယ်အလိုက် လမ်းဖောက်၊ကျောင်းဆောက်၊ တံတား ခင်း သည်ထက် မပိုဘဲ ဥပဒေနှင့် ဆိုင်သော ၊နိုင်ငံနှင့် ဆိုင်သော လုပ်ငန်းစဉ်များတွင် အဆိုတင်သွင်း သူ များ သာ အနည်းငယ်သာ ရှိနေ သည်။ ပြည်နယ်အလိုက် ရွေးချယ်ခံလာရသည့် တိုင်းရင်းသား ကိုယ်စား လှယ် များပင် လက်နက် ကိုင်တို့၏ သက်ရောက်မှုမှ မလွတ်ကင်းသေး။ တပ်မတော်သား ကိုယ်စားလှယ် များကြောင့် နှောင့်နှေးရသည့် အဖြစ်အပျက် အစိုးရသက်တမ်း တစ်ဝက်ကျော်သည် အထိ မရှိသေးပါ။
အကြောင်းအရာ(၄) အဖြစ် ဖော်ပြသည့် တပ်မတော်၏ အကျိုးစီးပွားဆိုသည်ကိုတော့ တပ်မတော်၏ ဖွဲ့စ ည်း ပုံ စည်းမျဉ်းများကို သေချာမသိသည့် လူတစ်ဦး၏ ထင်ရာရေးသားချက်များမို့ ဝေဖန်ခြင်းထက် မောင်ေ သာင်းေ ဖ တပ်မတော်အကြောင်း လေ့လာခြင်းက ပို၍ အကျိုးရှိလေမည်။ အကြောင်းအရာ(၅) တွင် ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ဖတ်အပြီးတွင်တော့ ဒေါ်အောင်ဆန်းစုကြည် ပြော သမျှ တပ်မတော်နှင့် ပတ်သက်သော စကားများကို မောင်သောင်းဖေ ကြားဖူးခြင်း မရှိ။ တကယ် လည်း မသိဖြစ်နေ ပုံရသည့် အတွက် လိုရာဆွဲ ရေးသားခြင်းများသာ ဖြစ်နေတော့သည်။
နိဂုံးချုပ် ဆိုပါက စာရေးသူ မောင်သောင်းဖေ၏ ဆောင်းပါးသည်ကား အမှန်တကယ်ပင် တပ် မတော် သား ၂၅ % ကို ဖယ်ထုတ်စေလိုသည့် ဆောင်းပါး ဖြစ်သည်။ သို့သော် မှန်ကန် သင့်လျော် သည့် အကြောင်းပြ ချက် များနှင့် မဟုတ်။ မုန့်ဖက်ထုပ် မမြင်ဘူး၊ မစားဘူးဘဲ မုန့်ဖက်ထုပ်ထဲတွင် ပါသည့် ပစ္စည်းများ စာရင်း ကို ကြည့်၍ မုန့်ဖက်ထုပ် အရသာကို အကဲဖြတ်ကာ ဝေဖန်သူကဲ့သို့သာ။
No comments:
Post a Comment